| Khonumthung News Group |
| တနင်္ဂနွေနေ့၊ ဧပြီလ 18 ရက် 2010 ခုနှစ် |
၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ချင်းပြည်တိုးတက်ရေးပါတီ(Chin Progressive Party) အမည်ခံ နောက်ထပ် ချင်း နိုင်ငံရေးပါတီတခု ယခုလ ၉ ရက်နေ့က ရွေးကောက်ပွဲ ကော်မီရှင်သို့ ပါတီမှတ်ပုံတင်လိုက်ပြီ ဟု သိရသည်။ စီပီပီ ပါတီတွင် ဥက္ကဌအဖြစ် မတူပီမြို.နယ်မှ Pu Lian Ce ၊ ဒုတိယဥက္ကဌအဖြစ်ဖလမ်းမြို.မှ Pu Zung hleithang၊ အထွေထွေအတွင်း ရေးမှူးအဖြစ်မတူပီမြို့နယ် မှ Pu Dai Thung တို.ဖြစ်ကြပြီး အဖွဲ.၀င်များမှာ Pu NoThan Kap , Pu Khuang Lian, Pu Con Kheng တို.နှင့် အငြိမ်းစား အစိုးရ၀န်ထမ်းများပါ ၀င်ကြ သည်ဟု The Chin World သတင်းဌါန တွင်ဖော်ပြထားသည်။ ဦးလျံကျယ်သည် ထောက်လှမ်းရေးရဲမှူးအဆင့်မှ အငြိမ်းစားယူထားသူဖြစ်ပြီး၊ဦးဒိုင်ထုန်းသည် မယက အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ဘူးသူဖြစ်သည်။ ဦးနိုးထန်ကပ်သည် ချင်းအမျိုးသား တပ်ဦးမှ ထုတ်ပယ်ခံရအပြီး အိန္ဒိယအစိုးရမှဖမ်းဆီးပြီး စစ်အစိုးရထံ အပ်နှံအပြီး လက်ရှိ ရန်ကုန် မြို့တွင်ကျမ်းစာ ကျောင်း တည်ထောင်ထားသူဖြစ်သည် ဟု သိရသည်။ ချင်းပြည်တိုးတက်ရေးပါတီ (စီပီပီ)သည် လာမည့်ရွေးကောက်ပွဲတွင်ချင်းပြည်နယ်၏မြို.နယ်အားလုံး၌ ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ် သည်ဟုသိရသည်။ ပါတီ၏ရှေ.လုပ်ငန်းစဉ်များ နှင့်ပတ်သက်ပြီး တိုင်ပင်ဆွေး နွေးရန်အတွက် ယခုလ ၂၄ ရက်နေ.တွင် စီပီပီပါတီအဖွဲ.၀င်များအစည်း အဝေးတရပ် ကျင်းပဖို.စီစဉ် ထားကြသည်ဟုသိရသည်။ နအဖစစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းပြည်တိုးတက်ရေးပါတီနှင့် ချင်းအမျိုး သားပါတီ၂ ခုတို့သည် ချင်းတမျိုးသား လုံးကိုယ်စားပြုပြီး ယှဉ်ပြိုင် သွားကြမည် ဖြစ်သည်။ ချင်းအမျိုးသားပါတီသည် ဦးဇိုးဇမ်ဦးဆောင်သည့်မျိုးဆက်သစ်ပညာတတ်ချင်းလူငယ် အများစုဖြင့်ဖွဲ. စည်း ထားသောပါတီဖြစ်ပြီးယခုလ ၇ ရက်နေ.က ရွေးကောက်ပွဲ ကော်မီရှင်သို. ပါတီမှတ်ပုံတင်ထားပြီ ဖြစ်သည်။ ထို.အပြင် ချင်းတမျိုးသားလုံးကိုကိုယ်စားမပြုဘဲမျိုးနွယ်စုကိုသာကိုယ်စားပြုရပ် တည်ယှဉ်ပြိုင် မည့် မြို (ခေါ်)ခမီးအမျိုးသားညီ ညွတ်ရေးအဖွဲ.(မခမညဖ) MRO or KHAMI NATIONAL SOLIDARITY ORGANIZATION (MKNSO) က ယခုလ ၉ ရက်နေ.ကဘဲ ရွေးကောက်ပွဲကော်မီရှင်သို.ပါတီ မှတ်ပုံတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ မခမညဖ သည် ၁၉၉၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီးအမတ် ၁ နေရာရရှိခဲ့ ပြီး စစ်အစိုးရမှ တရားဝင် ရပ်တည်ခွင့်ပြုဆဲဖြစ်သည်။ အလားတူ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်များတွင်နေထိုင်ကြသည့် မရာမျိုးနွယ်စုများ သည်လည်း ရွေးကောက်ပွဲ တွင်မရာမျိုးနွယ်စု ကိုယ်စားပြု ကိုယ်စားလှယ်များ ထွက်ပေါ်လာရေး အတွက်ကြိုးပမ်းလျက်ရှိသည်ဟု သိရသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မီရှင်သို.ယခုချိန်ထိပါတီမှတ်ပုံ တင်ထားသည့် ပါတီ ၁၉ ခုရှိနေပြီဖြစ်သည်။ ၄င်းတို.မှာ - ၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ကရင်ပြည်သူ့ပါတီ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကချင်ပြည်နယ်တိုးတက်ရေးပါတီ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ခေတ်သစ်ပြည်သူ့ပါတီ ချင်းအမျိုးသားပါတီ (Chin National Party) ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party) ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ တအောင်း(ပလောင်)အမျိုးသားပါတီ ၀ံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ) '၀' ဒီမိုကရက်တစ်ပါတီ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ချင်းပြည်တိုးတက်ရေးပါတီ(Chin Progressive Party) မြို (ခေါ်) ခမီးအမျိုးသားညီ ညွတ်ရေးအဖွဲ.(မခမညဖ) MRO or KHAMI NATIONAL SOLIDARITY ORGANIZATION (MKNSO) စသည်တို.ဖြစ်ကြသည်။ |
| Last Updated on တနင်္ဂနွေနေ့၊ ဧပြီလ 18 ရက် 2010 ခုနှစ် |
Deng Xiaoping (1904-1997): A lung kia lo makai
-
Tuhun Sen gam in leitungah a thahat penpen (superpower) gamte sungah a
hawllut zo makai sungpan Deng Xiaoping zong khat in kihel hi. “Zawhngeu pen
a vom a ...
2 weeks ago