၂၀ ရာစုကို အာရှတိုက်အနေနှင့် အဓိပ္ပာယ်ဖွင့်ဆိုရမည်ဆိုလျှင် နယ်ချဲ့ဆန့်ကျင်ရေး အမျိုး သား လွတ်မြောက်ရေး လှုပ်ရှားမှုများ၏ ရာစုနှစ်ဟူ၍သာ ဆိုထိုက်ပါသည်။ စင်စစ်အားဖြင့် ရာစုနှစ် အချို့ ကြာမြင့်ခဲ့သည့် အာရှမှ အမျိုးသားအသီးသီး ပြည်သူများ၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများ ကြောင့် ပထမဆုံးသော လွတ်မြောက်ရေးအသီးအပွင့်ကို တွေ့မြင်ခဲ့ကြရသည်မှာ နှစ်ပေါင်း (၁၁၀)တိုင်ကြာ ညောင်းခဲ့ပြီဖြစ်၏။ အတိအကျအားဖြင့် ၁၈၉၈ ခု ဇွန်လ (၁၂) ရက်နေ့၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၏ တောင်ဘက်ရှိ က၀စ် KAWIT (ယခင် Cavite AI Viejo) ဒေသတွင် ဖိလစ်ပိုင်လူမျိုး ဗိုလ်ချုပ်ကြီး အီမီလီယို အဂွီနယ်လ်ဒို (Emilio Aguinaldo) က နယ်ချဲ့ဆန့်ကျင်ရေး ပြည်သူ့လွတ် မြောက်ရေး လှုပ်ရှားမှု၏ ပထမဆုံး အချက်ပေးသေနတ်သံကို ပစ်ဖောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါနေ့ တွင် ဖီလစ်ပိုင်အမျိုးသားတစ်ရပ်လုံးတို့သည် စပိန်ကိုလိုနီတို့၏ နှစ်ပေါင်း(၃၃၃)နှစ်တိုင် ဖိနှိပ်၊ သွေးစုပ် အုပ်ချုပ်မှုအောက်မှ ပထမဆုံး ရုံးထ အုံကြွတော်လှန်လိုက်ကြပြီ ဖြစ်ကြောင်းကို အဂွီနယ်လ်ဒိုက အတိအလင်း သဘောထား ထုတ်ပြန်ကြေညာလိုက်သည်။ အနောက်တိုင်း ကိုလိုနီအုပ်စိုးမှုတို့ နှစ်ဝက် ကျော်ကြာ တုန့်ပြန်တိုက်ခိုက်ပြီးနောက် ၁၈၉၉ ခု ဇန်န၀ါရီလတွင် ပထမဆုံး ဖီလစ်ပိုင်နိုင်ငံ၏ လွတ်လပ်ရေးကို ကြေညာပေးနိုင်ခဲ့သည်။ သို့ပြင် အာရှတိုက် အမျိုးသားပြည်သူများထဲမှ ဖိလစ်ပိုင် နိုင်ငံက ပထမဆုံး လွတ်လပ်ရေး၏ အရသာကို မြည်းစမ်းခွင့်ရခဲ့သည်မှာ ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ ဆိုလျှင် နှစ်ပေါင်း (၁၁၀) တိတိ တိုင်ခဲ့ပြီဖြစ်ပါသည်။
Deng Xiaoping (1904-1997): A lung kia lo makai
-
Tuhun Sen gam in leitungah a thahat penpen (superpower) gamte sungah a
hawllut zo makai sungpan Deng Xiaoping zong khat in kihel hi. “Zawhngeu pen
a vom a ...
1 month ago

