နိုင်ငံရေးအမွန်းကျပ်ဆုံးအချိန်ကာလမှာဖြစ်ပေါ်လာတဲ့ အကျင့် သိက္ခာစိန်ခေါ်မှုကြီးတရပ်

ဇော်နိုင်ဝင်း
ယနေ့ ကာလမှာ လူအများစုဟာ မြန်မာပြည်လွတ်လပ်ရေ့းနှင့့်စည်းလုံးညီညွတ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းဘယ်လိုစဉ်းစား ချဉ်းကပ်၍ တောင်းဆိုမှုတွေပြုလုပ်ခဲ့ ရသလဲ၊ သူဟာဘယ် လိုလူစားလည်း၊ သူ့ ရဲ့ အတွေးအခေါ်တွေဟာ ဘာတွေလည်း ဆိုတာကို ပြန်လည် ထင်ဟပ်ပေါ် လွင်အောင်စဉ်းစားဆင်ခြင်သူ သိတ်မရှိကြတော့ ပါဘူး၊

ဒါပေမဲ့  ဘာဖြစ်လို့ ကျနော်တို့ အများစုဟာ သူရဲ့ နိုင်ငံရေးအတွေးအခေါ်ခံယူချက်၊ အခြေခံကိုယ် ကျင့် တရားတွေကိုမရကြတာလဲ၊ ကျနော်တို့ နားထောင်နေပြီး မကြားတာလား၊ (သို့ ) ကျနော် တို့ ဖတ်ပြီး နားမလည်တာလား၊ (သို့ ) ကျနော်တို့ ကြိုက်တာလေးတွေကိုယ်ပဲ ခေါင်းထဲမှာမှတ် ထားကြတာလားလို့ မေးစရာတွေဖြစ်လာပါတယ်၊

သူဟာသူ့ ဘ၀တခုလုံးကို မြန်မာပြည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အင်္ဂလိပ်ထံမှ နိုင်ငံရေး လွတ်လပ်ခွင့် ရရှိဖို့ အတွက်ရုန်းကန်ကြိုးစားမှုမှာ မြှုပ်နှံထားခဲ့ တယ်၊ တချိန်တည်းမှာပဲ သူရဲ့ စိတ်

ဓါတ်ပိုင်းဆိုင်ရာတိုးတက်ကောင်းမွန်လာအောင်လည်း မြှုပ်နှံသွားခဲ့ တယ်၊ မကြာခဏဆိုသလိုပဲ သူရဲ့ “သစ္စာတရားနှင့် လုံးဝ အပြစ်ကင်းစင်မှု ရှာပုံတော် ဘ၀ခရီး” အကြောင်းကို ဖွင့် ဟပြောဆို လေ့ ရှိတဲ့ အပြင်၊ သူဟာဖြူစင်တဲ့ အတွေးတွေ၊ အပြောအဆိုတွေ၊ လုပ်ဆောင်မှုတွေကို ရိုးဖြောင့်  နိုင်ရန်သတိပြုကြိုးပမ်းအားထုတ်ခဲ့ တယ်၊ မြန်မာပြည်မှာရှိ သောပြည်သူတွေဟာ သူ့ ရဲ့ကိုယ်၊ စိတ်နှစ်လုံး အပြစ်ကင်းစင်ပြီးတိုးတက်အောင်မြင်မှု၊ တိုင်းပြည်ပေါ်မှာထားတဲ့ သူ့ ရဲ့သန့် ရှင်း သောမေတ္တာ၊ စင် ကြယ်တဲ့ ရည်ရွယ်ချက် ပုံသဏ္ဍန်တွေကို မြက်ဝါးထင်ထင်တွေ့ မြင်ခဲ့ ကြရ တယ်၊


မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်းမှာပင် ခေတ်လူငယ်များ စိတ်ပိုင်း ဆိုင်ရာအသိတ ရား ခေါင်းပါးနေသည်ကို စိုးရိမ်မိကြောင်း၊ အကယ်၍ လောကဓံ လှိုင်းများကိုကျုပ်တို့ ရင်ထဲမှာ ကြံ့ ကြံ့ ခိုင် ရင်ဆိုင်တွန်းလှန်နိုင်စွမ်းမရှိပါက မကြာခင်မှာပဲ ထိုအသိတရား များလုံးဝကွယ် ပျောက်ပြီး စိတ်ဓါတ်လုံးလုံးပျက်ပြားသွားသော အဖြစ်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်ပူပန်မိ ကြောင်းကိုလည်း မကြာခဏ သူဖေါ်ပြလေ့ ရှိတယ်၊

မြန်မာ့ နိုင်ငံရေးနဲ့ စည်းလုံးညီညွတ်ရေးအပေါ်မှာ သူရဲ့ စိတ်ဓါတ်တွေ ပိုပြီးကောင်းမွန်လာအောင်

ဘ၀ကိုမြှုပ်နှံခဲ့ တယ်ဆိုတာဘာမှသံသယရှိစရာမလိုဘူး၊သူ၏သမီးအရင်းဒေါ်အောင်ဆန်းကြည် အပါအ၀င်မြောက်များစွာသော ပြည်သူတွေဟာ သူ့ ကို နှစ်သက်လေးစားကြည်ငြိုခဲ့ ကြတာပဲ၊

စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ လုပ်ဆောင်နေတဲ့ အချိန်တိုင်းမှာ ဖြူစင်တဲ့ရည် ရွယ်ချက်နဲ့ သတ္တိရှိရှိလုပ်ဆောင်ပြဖို့ လိုကြောင်း သူမထုတ်ဖေါ်ပြောခဲ့ တယ်၊ သူမဟာမကြာခဏ ဆိုသလိုပဲ မြန်မာပြည်လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ “စိတ်ဓါတ်တော်လှန်ရေး” အကြောင်းကို ရည်ညွန်း ပြောဆိုရေးသားခဲ့ ပါတယ်၊ “တကယ်စစ်မှန်တဲ့ တော်လှန်ရေးဟာစိတ် ဓါတ်တော်လှန်ရေး ” ပဲလို့ သူမတသမတ်တည်းပြောဆိုခဲ့ တယ်၊ မတရားအုပ်စိုးသူတွေအောက် မှလွတ်မြောက်ဖို့ အတွက်ဆိုရင် မိမိကိုယ်ကို စိတ်ဓါတ်ပိုင်းဆိုင်ရာ အရင်လွတ်မြောက်မှဖြစ်တယ်၊ လူအရင်မလွတ်မြောက်ခင် စိတ်ကအရင်လွတ်မြောက်မှုရှိနေရမယ်၊ “ အကြောက်တရားဟာ အ လေ့ အထတခုပဲ” ဒါပေမဲ့ ကျနော်တို့ အကြောက်တရားကနေ သတ္တိကိုပြုစုပြိုးထောင်လို့ ရတယ်၊ ဘာဖြစ်လို့ လည်းဆိုတော့ အကြောက်တရားကသုံးလို့ ရလို့ ပဲ။


ဒါပေမဲ့ ကျနော်တို့ ဟာသူမပေးတဲ့ သဘောတရားရေးဆိုင်ရာစကားတွေရဲ့ အဓိပါယ်ကိုကြားကြရဲ့  လား၊ နားလည်ကြရဲ့ လား၊ ကျနော်တို့ လုပ်ရမဲ့ အတိုက်အခံလှုပ်ရှားမှုတွေထဲမှာ သူမပြောတဲ့  စိတ်ဓါတ်တွေရှိနေရမယ်ဆိုတာကိုရောမြင်တွေ့ ကြရဲ့ လား၊

ဝမ်းနဲစွာဖြင့် ပြောရရင် အဖြေကတော့  သေသေချာနားမလည်ကြဘူးဆိုတာပါပဲ။


ပြီးခဲ့ တဲ့ တိုးတက်မှုအခြေအနေနှင့် စစ်အာဏာရှင်အုပ်စု၏ ဖိနှိပ်ချုပ်ချယ်တဲ့  ၂၀၀၈ အခြေခံဥပ ဒေ အပေါ်တုံ့ ပြန်မှုတွေကိုကြည့် ရင် ကျနော်တို့ တွေဟာ သူမပြောတဲ့ စကားတွေကို မကြားမိပါ ဘူး၊ စကားတွေ၏ ဆိုလိုရင်းကိုသေသေချာချာနားမလည်ပါဘူးဆိုတာ မကြာသေးခင်ကစက်ဆုပ် ဖွယ်ဖြစ်သော ရွေးကောက်ပွဲ ဥပဒေဖြင့်  ပါတီမှတ်ပုံတင်ခြင်း တွေကသက်သေပြနေပါတယ်၊ ကျ နော်တို့ ဗိုလ်ချုပ်အောင်ဆန်း နဲ့  ဒေါ်အောင်ဆန်းစုကြည်တို့ ရဲ့ စိတ်ဓါတ်နဲ့ အကျင့် သိက္ခာတွေကို ရင်မှာထွေးပိုက်ပြီး စစ်အာဏာရှင်ကိုဆန့် ကျင်တဲ့ လှုပ် ရှားမှုတိုင်းမှာထဲ့ သွင်းလုပ်ဆောင်ကြပါစို့ ၊

အတိုက်အခံလို့ ဆိုကြတဲ့ နိုင်ငံရေးပါတီအများစုလည်းမှတ်ပုံတင်ထားကြတာတွေ့ ရပါတယ်၊သူ တို့ တွေဟာ မတရားတဲ့ ဥပဒေတွေ မမျှတတဲ့ လုပ်ငန်းစဉ်တွေ အောက်မှာ အညံ့ ခံကြတာပဲ၊ အဲ

ဒီမတရားမှုတွေဟာ စဉ်းစားဆင်ခြင်နိုင်တဲ့ လူ့ စိတ်ဝိညာဉ်သဘောအရတော့  စက်ဆုတ်ရွံရှာစ ရာတွေပဲဖြစ်တယ်၊သူတို့ ကို ၀ိညာဉ်စိတ်ဓါတ်တွေပါ ကမ္ဘာ့ အကြမ်းကြုတ်ဆုံးစစ်အာဏာရှင် လက် အောက်မှာ အညံ့ ခံ ပေးအပ်လိုက်တဲ့ သူတွေအဖြစ်ကျနော်တို့ မြင်တွေ့ နိုင်ပါတယ်၊

နိုင်ငံခြားသားတွေနဲ့ နိုင်ငံခြားအစိုးရတွေ အထူးသဖြင့် အမေရိကန်အစိုးရက နအဖ နှင့် တိုက်ရိုက် ဆက်ဆံရေးမူဝါဒရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ၏ မတရားတဲ့ ဥပဒေတွေနဲ့ မမျှတတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာနိုင်ငံရေးအံတုမှုကို လုပ်ရဲ သော သတ္တိ စာရိတ္တဗလကိုချီးကျူးအားပေးခဲ့ တဲ့ အပြင်၊ “စစ်အုပ်စု ကတော့ အရေးပါသူတွေနဲ့ ဆွေး နွေးတိုင်ပင်ခြင်း မရှိဘဲ တဖက်သတ်လုပ်ဆောင်ဖို့ ရွေးချယ်သွားခဲ့ပါပြီ” အဲဒါကြောင့်ပဲ “ ဒီရွေး ကောက်ပွဲဟာ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှုရမှာ မဟုတ်ဘူးလို့ ” အဆုံးသတ်ပြော ဆိုလိုက်ပါတယ်၊ ဒါ့ အပြင် “စစ်အုပ်စုဟာရွေးကောက်ပွဲမလုပ်ခင်ကျန်နေသေးတဲ့ အချိန်မှာ အား လုံး ပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်တွေကို ချက်ချင်းလုပ်ပါလို့ ”လည်းတိုက်တွန်းခဲ့သေးတယ်၊

ဒါပေမဲ့ ကျနော်တို့ ရဲ့ အတိုက်အခံဆိုသူများကတော့  သူတို့ ရဲ့ အတွင်းစိတ်သဏ္ဍန်အရ အမှားနဲ့  အမှန်ကို စဉ်းစားနိုင်သော်လည်းပဲ နအဖ ခင်းပေးတဲ့ လမ်းအတိုင်း မှားမှန်းသိလျှက်နှင့်  အမှန်တ ရားကိုကျောခိုင်းပြီးသွားနေပါပြီ၊ ယုတ်မာသည့် စိတ်ထားရှိပြီး ကြောက်စရာကောင်းတဲ့ စစ်အာ ဏာရှင်အုပ်စုထံမှာ သူတို့ ရဲ့ ဝိညာဉ်တွေကို ပေးအပ်အညံ့ ခံ၍ စစ်အာဏာရှင်တို့ နှင့် ပူးပေါင်းတဲ့  လမ်းကိုရွေးလိုက်ကြပါပြီ၊ ပြည်တွင်းနှင့် နိုင်ငံတကာက အသိအမှတ်မပြုနိုင်တဲ့  ရွေးကောက်ပွဲကို ပါဝင်ဖို့ နောက်ထပ်အတိုက် အခံဟုဆိုအပ်သော ပါတီများလည်းမှတ်ပုံတင်နေကြပါသေးတယ်၊ မြန်မာပြည်က စိတ်ထားယုတ်ပြီး ကြောက်စရာကောင်းတဲ့ စစ်အာဏာရှင် အုပ်စုသက်ဆိုးရှည်ဖို့  အတွက် အဲဒီမှတ်ပုံတင်တဲ့ ပါတီတွေကအစာကြွေးနေကြခြင်းပဲဖြစ်ပါတယ်၊

မဟတ္တမ ဂန္ဒီ (Mahatma Gandhi) ပြောတာမှန်တယ်၊ “လူတယောက် ရဲ့ လွတ်လပ်မှုဟာအဲဒီ လူရဲ့ အားနည်းချက်(သို့ ) သူရဲဘောနဲမှုကြောင့် ပဲ ဆုံးရှုံးရတယ်” ကျနော်တို့ ဒီမိုကရေစီလှုပ်ရှား မှုမအောင်မြင်ရတဲ့ အကြောင်းရင်းဟာ နအဖရဲ့  သေနတ်တွေကြောင့် မဟုတ်ပါဘူး၊ အတိုက်အခံ နိုင်ငံရေးသမားတွေရဲ့ သူရဲဘောကြောင်မှုနဲ့ စိတ်ဓါတ်ရေးရာမှာအားနည်းချက်တွေကြောင့် ပဲဖြစ် တယ်။ အဲဒီလိုအတိုက်အခံမျိုးတွေကြောင့် ပဲ တန်ဘိုးကြီးစွာနဲ့ ရခဲ့ တဲ့ မြန်မာပြည်၏ နိုင်ငံရေး လွတ်လပ်ခွင့် ဟာ ၁၉၆၂ ခုနှစ် စစ်အာဏာရှင်အုပ်စုလက်အောက်မှာဆုံးရှုံးသွားခဲ့ ရတယ်၊ အဲဒီ အချိန်ကစပြီး အမျိုးသားဂုဏ်သိက္ခာလည်း ကမ္ဘာ့ အလည်မှာဆုံးရှံးခဲ့ ရတယ်၊

ကျနော်တို့ အဲဒီလိုဆုံးရှံးမှုသမိုင်းမျိုးထပ်အဖြစ်မခံနိုင်တော့ ပါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ထိုအခြေအနေမျိုးကိုစဉ်းစားတွေးခေါ်ပြီးဖြတ်သန်းလိုက်တာပဲဖြစ်တယ်၊ မြန်မာပြည်မှာဖြစ် ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ ကျနော်တို့ ရဲ့ စိတ်ဓါတ်တွေတိုးတက်ကောင်းမွန်လာစေဖို့  ကတော့ ကျနော်တို့ ဖာသာကျနော်တို့ ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်လို့ သူမကတသမတ်တည်း သတိပေးနေပါတယ်၊ ဒါမှမဟုတ်ရင်တော့  မြန်မာပြည်ဟာ သူရဲဘောကြောင်ပြီးစိတ်ဓါတ်ရေးရာ အားနဲတဲ့ သူတွေကိုယ်ပဲ အာဏာရှင်ကဆက်ပြီးအုပ်ချုပ်သွားမဲ့ သဘောရှိနေပါတယ်၊

ကျနော်တို့ မျိုးဆက်ရဲ့ ကြီးမားတဲ့အကျင့် သိက္ခာစိန်ခေါ်မှုကြီးတရပ်ကတော့ ဆိုက်ရောက်လာပါ ပြီ၊ ဒီအချိန်ဟာကျနော်တို့ အထူးသတိပြုရမဲ့ အချိန်ပါပဲ၊ လွတ်လပ်ရေး ဖခင်ဗိုလ်ချုပ်အောင်ဆန်း နှင့် အမျိုးသားခေါင်းဆောင်ကြီးများ၏ အမှာစကားတွေကို ကျနော်တို့ ၏အာဏာရှင်ဆန့် ကျင် ရေး လှုပ်ရှားမှုတွေထဲမှာ ထဲ့ သွင်းပြီးလုပ်ဆောင်ရမယ့် အချိန်ပဲ၊

ရွှင်လမ်းဝမ်းမြောက်ခြင်းနဲ့ စိတ်ချမ်းသာမှုကို အောင်ပွဲရမှ ခံစားလို့ ရတာမဟုတ်ပါဘူး၊ အမှန်တ ရား အတွက် ရုန်းကန်တိုက်ပွဲဝင်နေဆဲချိန်၊ တိုက်ပွဲကာလအတွင်းမှာပင် ခံစားရရှိနိုင်ပါတယ်၊ ခင် ဗျားဟာ လွတ်လပ်နေတဲ့ လူတယောက်အဖြစ်နဲ့ လွတ်မြောက်ရေးကိုတိုက်နေရမှာဖြစ်ပါတယ်၊ ခင်ဗျားနှစ်လုံးသားက ခိုင်ခိုင်မာမာယုံကြည်ပြီးမှတိုက်တဲ့ တိုက်ပွဲဖြစ်ဖြစ်၊ ကြိုးစာမှုပဲဖြစ်ဖြစ်လုပ် ဆောင်လာတဲ့ အခါ မိမိဘ၀ရဲ့ အဓိပ`ါယ်၊ အနှစ်သာရဟာ ဘာလည်းဆိုတာကို မိမိကိုယ်တိုင်ရှာ ဖွေတွေ့ ရှိမှာဖြစ်ပါတယ်၊ အဲဒီလိုရှာဖွေတွေ့ ရှိပြီးတဲ့ အခါမှသာ ခင်ဗျား “အမှန်တရား”ကိုရှာတွေ့  နိုင်မှာပဲဖြစ်ပါတယ်၊



ဇော်နိုင်ဝင်း

သြစတြေးလျှ



u4097123@alumni.anu.edu.au



မေလ ၁၁၊ ၂၀၁၀



မှတ်ချက်၊ ကျနော် ရေးတဲ့ ဆောင်ပါး a moral challenge in time of political crisis အင်္ဂလိပ်လိုကို မြန်မာလိုဖတ်ချင်သူများပိုမိုနားလည်စေရန်အတွက် ရည်ရွယ်၍ ကိုစိုးလွင်

( ဆစ်ဒနီမြို့ ) မှ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်၊