Obama War

Dear Readers,
To read my Burmese page, you may need to instal Zawgyi font.
Thanks

၂၀၀၈ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကာလတုံးက တရုတ်ထောက်လှမ်းရေးတွေဟာ ဘရက်အိုဘားမားနဲ့ ဂျွန်မကိန်း တို့ရဲ့ပါတီဋ္ဌာနချုပ်မှာရှိတဲ့ ကွန်ပြူတာထဲက အချက်အလက်တွေကို ဆိုင်ဘာအတတ်ပညာနဲ့ဝင်ရောက်ခိုးယူခဲ့ကြတယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုကလည်း အချိန်မှီ သိရှိသွားတဲ့အတွက် တရုတ်ထောက်လှမ်းရေးတွေရဲ့ လုပ်ရပ်တွေ ဟာ ကိုးယို့ကားရားနဲ့ အဆုံးသတ်သွားခဲ့တယ်။


ဆိုက်ဘာ ကွန်ပြူတာကွန်ယက် တိုက်ခိုက်မှုတွေ ကို ဆက်လက်စဉ်းစားကြတယ်။ တကယ်တော့ အိုစမာဘင်လာဒင်ရဲ့ အော်ကိုင်းဒါး အုပ်စုဟာ လုံလောက်တဲ့ထူးချွန်ထက်မြက်မှု မရှိကြဘူး လို့ ယူဆနေသူတွေရှိတယ်။ ကုန်သွယ်ရေးမျှော်စင် နှစ်ခုကို တိုက်ခိုက်မဲ့အစား၊ဆိုက်ဘာအတတ်ပညာ နဲ့ နယူးယောက်မြို့ရဲ့ စီးပွားရေးဗဟိုကျ တဲ့ ဘဏ်တေကွို တိုက်ခိုက်နိုင်မယ် ဆိုရင် မေရိကန်ပြည်ထောင်စု
အတွက် အထိနာဆုံးဖြစ်လိမ့်မယ်။ နယူးယောက်ဘဏ် ( Bank of New York) နဲ့ စီးတီးဘဏ် ( City Bank) နှစ်ခုလုံးဟာ တနေ့ကို သုံး ထရီလီယံ ဒေါ်လာ (3 trillion) ငွေကြေးစီးဆင်းပြောင်းလဲမှုလုပ်တယ်။ ဘဏ်နှစ်ပေါင်း ဒေါ်လာ ( 6 trillion) ရှိတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်းထုတ်ကုန်စုစုပေါင်းတန်ဘိုးဟာ ဒေါ်လာ ( ၁၄) ထရီလီယံ ( 14 trillion) ဖြစ်တယ်။

ဒီအချက်ကိုကြည့်ခြင်းအားဖြင့် တကယ်လို့သာ အော်ကိုင်းဒါးအဖွဲ့ဝင်တွေဟာ အမေရိကန်ဘဏ်တွေဆီက အချက်အလက်တွေကို

ဖျက်ဆီးပစ်နိုင်မယ်ဆိုရင် ဘဏ္ဍာရေးဆိုင်ရာ ဖရိုဖရဲဖြစ်မှုတွေနဲ့ အမေရိကန်ပြည်ထောင်စုတခုလုံးပြဿနာတက်သွားနိုင်တယ်။

“ အရင်တုန်းကတော့ ရွေးကောက်ပွဲ ရှုံးနိမ့်မှာ ကို စိုးရိမ်နေခဲ့တယ်။

ဒါပေမဲ့ ခင်ဗျားတို့ရဲ့ အစီရင်ခံစာတွေကိုဖတ်ပြီးကြားနာပြီးတဲ့အခါ၊ ရွေးကောက်ပွဲမှာ အနိုင်ရမှာကို စိုးရိမ်နေခဲ့တယ်”

ဘရက်အိုဘားမားက အမျိုးသားထောက်လှမ်းရေးအေဂျင်စီ ဒါရိုက်တာနဲ့တွေ့ဆုံ အပြီးမှာ သူ့ရဲ့ခံစားမှုကို အပြုံးတဝက် နဲ့ ရင်ဖွင့်ခဲ့တယ်။

ဒါကြောင့်လည်း အီရတ်စစ်ပွဲ ကို တလျှောက်လုံးဆန့်ကျင်လာတဲ့ အမေရိကန်သမ္မတ အိုဘားမား ဟာ အီရန်နိုင်ငံမှာရှိတဲ့

သူ့ရဲ့အမေရိကန်စစ်သားတွေကို ပြန်လည်ခေါ်ယူလိုက်တဲ့နေ့မှာ

“ အမေရိကန်သမ္မတ ဂျော့ဘုရှ် ရဲ့ ကျနော်တို့ အမေရိကန်ပြည်ထောင်စုအပေါ်ထားရှိတဲ့ မျိုးချစ်စိတ်ကို သံသယမရှိပါနဲ့။

သူဟာ ကျနော်တို့ နိုင်ငံက ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေးအတကွ် လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ခြင်းဖြစ်တယ်” လို့

အဲ့ဒီ ညက မိန့်ခွန်းမှာ ထည့်ပြောသွားခဲ့တယ်။ ဆီနိတ်တာ ဘဝမှာတုန်းက အီရတ်စစ်ဆန့်ကျင်ရေး ကို ဦးဆောင်ပါဝင်ခဲ့ပြီး၊

အမေရိကန်သမ္မတ ဂျော့ဘုရှ် ကို ဝေဖန်ခဲ့တဲ့ ဘရက်အိုဘားမားတယောက် သမ္မတဖြစ်လာခဲ့တဲ့အခါ အမေရိကန်ပြည်ထောင်စုအတွက်

အန္တရာယ်ပေးနိုင်တဲ့ အရာအားလုံးကို ခြုံငုံသုံးသပ်မိသွားတယ်။

မကြာသေးခင်က ထုတ်ဝေဖြန့်ချီခဲ့တဲ့ Bob Woodward ရဲ့ “အိုးဘားမားရဲ့ စစ်ပွဲများ” ( Obama’s Wars) စာအုပ် ထဲက

အချက်အလက်များကို တင်ပြလိုက်ပါတယ်။ ရွေးကောက်ပွဲ အောင်နိုင်ခဲ့ပေမဲ့ သက်တမ်း (၂) နှစ်အတွင်းအပြောင်းအလဲတွေက

မြန်ဆန်နေတယ်။ အစိုးရအဖွဲ့အတွင်းမှာ လူအပြောင်းအလဲလုပ်နေရတယ်။ ပြည်တွင်းနိုင်ငံရေး နဲ့ နိုင်ငံတကာစင်မြင့်မှာ

တည်တည်ငြိမ်ငြိမ်ဦးဆောင်နိုင်မဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အခန်းကဏ္ဍကို အလေးထားဆောင်ရွက်နေရတယ်။ ဒါပေမဲ့

အခက်အခဲတွေက ရင်ဆိုင်နေရဆဲပဲ။

အိုဘားမားရဲ့ စစ်ပွဲများ

အပိုင်း (၁)

(၁) အမျိုးသားထောက်လှမ်းရေးဒါရိုက်တာအတွက် ပထမဆုံးဈေးဝယ်

အမေရိကန်သမ္မတအဖြစ်ရွေးချယ်ခံလိုက်ရတဲ့ ဆီးနိတ်တာ ဘရက်အိုဘားမား က ရွေးချယ်ခံရပြီး နှစ်ရက်မြောက်နေ့

၂၀၀၈ နိုဝင်ဘာ (၆) မှာ အမျိုးသား ထောက်လှမ်းရေးဒါရိုက်တာဖြစ်သူ မိုက် မက်ကွန်းနဲလ် ( Mike McConnell) နဲ့ သွားရောက်တွေ့ဆုံ

ခဲ့တယ်။ သူ နဲ့အတူလိုက်ပါသွားသူတွေက ကလင်တန်အစိုးရအဖွဲ့မှာ (Chief of Staff) အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဂျွန်ပိုဒက်စတာ

( John Podesta) နဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဒုအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဂျိမ်းစတိန်းဘတ်ခ် ( James Steinberg)။

အသက် (၆၅) နှစ်ရှိပြီဖြစ်တဲ့ မက်ကွန်းနဲလ် က ရေတပ် ဒု ဗိုလ်ချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်တယ်။

ထောက်လှမ်းရေးအေဂျင်စီရဲ့ လျှို့ဝှက်ချက်တွေ၊ စွမ်းဆောင်နိုင်မှုတွေ၊ အမျိုးသားထောက်လှမ်းရေးအဖွဲ့တည်ဆောက်မှု နဲ့ ခြုံငုံ

သုံးသပ်တဲ့အမြင်တွေကို သမ္မတအသစ်ဆီမှာ အသေးစိတ်တင်ပြဖို့အတွက် ချီကာဂိုမြို့လည်ခေါင်အမျိုးသားထောက်လှမ်းရေး

အေဂျင်စီအခြေစိုက်ရာ Kluczynski Federal Building မှာ စောင့်ကြိုနေခဲ့တယ်။ သူနဲ့အတူ ယ္ခင် သမ္မတဟောင်း ဘုရှ် ကို

နေ့စဉ်လျှောက်လဲချက်ပေးခဲ့သူတဦးဖြစ်ပြီး၊ စီအိုင်အေ သုတေသန ဋ္ဌာန ကို ဦးဆောင်သူအဖြစ်တာဝန်ယူနေတဲ့ မိုက်ကယ်မိုးရဲလ်

ကလည်း စောင့်ကြိုနေခဲ့တယ်။ တကယ်တော့ ထောက်လှမ်းရေးကမ္ဘာမှာ အမေရိကန်သမ္မတသစ် ကို ( First Customer) အဖြစ်

ခေါ်ဆိုလေ့ရှိတယ်။ ထောက်လှမ်းရေး အေဂျင်စီတွေနဲ့ သမ္မတကြားမှာ ဆက်ဆံရမဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဂျွန်ပိုဒက်စတာ က

နားလည်ပုံမပေါ်ဘူး။

“မိုက် ခင်ဗျားတို့ ဘာတွေပြောမလဲဆိုတာသိချင် လို့ ကျနော်တို့နှစ်ယောက် ရွေးချယ်ခံရတဲ့ သမ္မတနဲ့အတူလာခဲ့တာပါ” လို့

နှုတ်ခွန်းဆက်လိုက်တယ်။

“ ဂျွန် ခင်ဗျားတို့ဆန္ဒကို ဖြည့်ဆည်းပေးချင်ပါတယ်။ ဒါပေမဲ့ ဆောရီးပဲဗျာ။ ထောက်လှမ်းရေး ဗြူရိုတွေက ဆောင်ရွက်ခဲ့တာတွေ၊

အောင်မြင်ခဲ့တာတွေကို တင်ပြဖို့ဆိုတာ အမေရိကန်သမ္မတနဲ့သူ့ရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာ ထိပ်တန်း ကြံပေးအရာရှိတွေ

ကိုပဲတင်ပြရမယ်။ ခင်ဗျားတို့ဟာ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးအရာရှိတွေ မဖြစ်ကြသေးဘူး။ ဒီစည်းမျဉ်းစည်းကမ်းက

ကျနော်ဆွဲခဲ့တာမဟုတ်ပါဘူး။ သမ္မတ ဘုရှ် ဆွဲခဲ့တဲ့ စည်းမျဉ်းတွေပါ။ ကျနော့အနေနဲ့ အမေရိကန်သမ္မရေးဆွဲခဲ့တဲ့ စည်းမျဉ်းတွေကို

မချိုးဖောက်နိုင်ဘူး ” တကယ်တော့ ထောက်လှမ်းရေးဗျူရို ရဲ့ နည်းပရိယာယ် နဲ့ အရင်းအမြစ်တွေ ကို ဘယ်လိုသုံးပြီး အောင်မြင်ခဲ့တယ်

ဆိုတဲ့အချက်ကို အမေရိကန်သမ္မတကလွဲလို့ ဘယ်သူ့ကိုမှ မပြောရဘူး ဆိုတဲ့အချက်ကို သမ္မတဟောင်းတွေက စည်းမျဉ်းထုတ်ထားခဲ့တယ်။”

ပိုဒက်စတာ က “ အော်- ကျနော်နားလည်ပြီ” လို့ ပြန်ပြောလိုက်ရင်း

“ သမ္မတ ရေ ကျနော်တို့ နည်းနည်းလောက်စကားပြောရအောင်” ဆိုပြီး သီးသန့်အခန်းတခုမှာ ခေါ်စကားပြောကြတယ်။

သူတို့မှာ ထောက်လှမ်းရေးနဲ့ပတ်သက်တဲ့သတင်းတွေအများကြီးရခဲ့ဘူးတယ်။

အိုဘားမား နဲ့ အမျိုးသားထောက်လှမ်းရေး အေဂျင်စီဒါရိုက်တာ နဲ့ လွန်ခ့တဲ့ဲနှစ်လလောက်တုန်းက စကားပြောကြတဲ့

အဖြစ်အပျက်ကို သူတို့အမှတ်ရနေကြတယ်။

“ သမ္မတရွေးကောက်ပွဲ ရှုံးနှိမ့်သွားမှာကို ကျနော်စိုးရိမ်နေခဲ့တယ်။ ဒါပေမဲ့ဗျာ ခင်ဗျားတို့နဲ့ စကားပြောပြီးတဲ့အခါမှာတော့

သမ္မတရွေးကောက်ပွဲ အနိုင်ရမှာကို စိုးရိမ်သွားတယ်” လို့ ဘရက်အိုဘားမားက အပြုံးတဝက်နဲ့ပြောရှာတယ်။

တကယ်တော့ ဒီမိုကရက်တစ်ပါတီ ရဲ့ မူဝါဒရေးဆွဲသူတွေ နဲ့ အသွင်ကူးပြောင်းရေးအဖွဲ့က ထောက်လှမ်းရေး အစီရင်ခံစာတွေနဲ့

ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ ဘရက်အိုဘားမားအတွက် အတွက် အစစအရာရာအဆင်ပြေချောမွေ့စေချင်တယ်။ ခုတော့ ဘရက်အိုဘားမား

တယောက်တည်း ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ ညှိနှိုင်းရတော့မယ်။

(၂) မရိုးသားတဲ့ ပါတနာ (သို့) ပါကစ္စတန်

မက်ကွန်းနဲလ်၊ မိုးရဲလ် နဲ့ အိုးဘားမား တို့ သုံးယောက် SCIF လို့ခေါ်တဲ့ အထူးခန်းတခုထဲမှာ ထိုင်လိုက်ကြတယ်။

အရင်တုန်းက ဆွေးနွေးပွဲရဲ့အဆက်လို့လည်းပြောလို့ရမယ်ထင်တယ်။ တကယ်တော့ ဆွေးနွေးရမဲ့ ပြဿနာတွေက

အီရတ် နဲ့ အာဖကန်နစ္စတန် စစ်ပွဲဇုံတွေဆီက အကြောင်းအရာတွေ မဟုတ်ဘူး။ လူဦးရေ သန်း(၁၇၀) ရှိတဲ့၊ နျူကလီးယားလက်နက်

(၁၀၀)ကျော်ရှိတဲ့ ပါကစ္စတန်နိုင်ငံရဲ့ပြဿနာ။ ဒီနိုင်ငံရဲ့အနောက်မြောက်ဘက်မှာ FATA လို့ ခေါ်တဲ့လူမျိုးစုတွေချုပ်ကိုင်ရာ

ဒေသတခုရှိတယ်။ နယူးဂျာစီပြည်နယ်လောက်ရှိတယ်။ တာလီဘန်းတွေရဲ့လေ့ကျင့်သင်ကြားရေးစစ်စခန်း (၁၅၀) ကျော်နဲ့

တခြားအရာတွေရှိနေတယ်။ မက်ကွန်းနဲလ် က ပါကစ္စတန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုအတွက် ရိုးသားတဲ့လုပ်ဖေါ်ကိုင်ဘက်နိုင်ငံ

တနိုင်ငံဖြစ်တယ် လို့ပြောရင်း ပြဿနာတွေကို ဆွဲထုတ်ပြတယ်။

“ သူတို့က လိမ်ညာမှုတွေနဲ့ နေနေတဲ့လူတွေပါ။ အကြမ်းဖက်သမားတွေကိုစစ်ဆင်ရေးအတွက်ဆိုပြီးအမေရိကန်ပြည်ထောင်စုဆီက

တနှစ်ကို (၂) ဘီလျှံ အကူအညီရယူခဲ့တယ်။ ဒါပေမဲ့ ပါကစ္စတန်နိုင်ငံရဲ့စစ်ထောက်လှမ်းရေးအေဂျင်စီ ( ISI) ဟာ အာဖကန်

တာလီဘန်ခေါင်းဆောင်တွေအတွက် လိုအပ်တဲ့ စစ်လက်နက်၊ ပစ္စည်း နဲ့ ငွေတွေကို ထောက်ပံ့ကူညီပေးနေတယ်။

သူတို့မှာ သမ္မတရဲ့ အလောင်းအစားပွဲကို ဝေ့လည်ကြောင်ပတ်ဖြစ်စေမဲ့ရုံးခန်းဖြစ်တယ်။ ပါကစ္စတန်စစ်ထောက်လှမ်းရေးအေဂျင်စီ နဲ့

ဆက်ဆံရင် အသဲကွဲတာကိုခံစားရမယ်”

မက်ကွန်းနဲလ် က ISI ရဲ့ အသွင်ကွဲပြားတဲ့ စရိုက်လက္ခဏာမတူညီမှု ခြောက်မျိုး၊ ခုနှစ်မျိုးလောက်ကိုရှင်းပြတယ်။

စီအိုင်အေ ရဲ့ ငွေကြေးထောက်ပံမှုမှတဆင့် ပါကစ္စတန်စစ်ထောက်လှမ်းရေးတချို့ကို အမေရိကန်ရဲ့အိပ်ကပ်ထဲက

လူတွေအဖြစ်သိမ်းသွင်းလို့ရနိုင်တယ်။ ဒါပေမဲ့ ISI ဟာ သူ့ရဲ့လူတွေကို မထိန်းချုပ်နိုင်ခဲ့ဘူး။

ISI ရဲ့ Directorate S ယူနစ်ဟာ တာလီဘန်းတွေ နဲ့ အခြားအကြမ်းဖက်အုပ်စုတွေကို အားကောင်းအောင်လုပ်ပေးနေတယ်။

ပါကစ္စတန်ခေါင်းဆောင်တွေကလည်း အမေရိကန်ပြည်ထောင်စု ဟာ ဆိုဗီယက်တွေဆုတ်ခွာခဲ့သလိုမျိုး ဆုတ်ခွာသွားရလိမ့်မယ်လို့

သုံးသပ်ရှုမြင်ကြတယ်။ ဒီ စိတ်ရောဂါကိုတော့ နားလည်ပေးနိုင်ပါတယ်။ တကယ်လို့ အမေရိကန်ပြည်ထောင်စု သာ ဆုတ်ခွာသွားမယ်ဆိုရင်

အာဖကန်နစ္စတန် နိုင်ငံကို အိန္ဒိယ နဲ့ အီရန်နိုင်ငံတွေက ဝင်ရောက်လွှမ်းမိုးလိမ့်မယ်။ ပါကစ္စတန်နိုင်ငံအတွက်တော့ သူ့ရဲ့နယ်စပ်မှာ

အစွန်းရောက်သမားတွေဝိုင်းရံနေတာထက် အိန္ဒိယနိုင်ငံက ဝိုင်းရံလာမှာကို ကြောက်ရွံစိုးရိမ်နေတယ်။

အိန္ဒိယ ဟာ နှစ်ပေါင်း (၆၀) လောက်ကတည်းက သူတို့ရဲ့ရန်သူဖြစ်ခဲ့ပြီး၊ အိန္ဒိယနိုင်ငံရဲ့တဖြည်းဖြည်းကြီးထွားလာတဲ့ စီးပွားရေး၊

စစ်ရေးတွေနဲ့အတူ မရေမတွက်နိုင်တဲ့ စစ်ထောက်လှမ်းရေးပရိုဂရမ်တွေကလည်း အာဖကန်နစ္စတန်နိုင်ငံအတွင်းမှာ ကွန်ယက်ဖွဲ့

တည်ဆောက်လှုပ်ရှားနေခဲ့ကြတယ်။ တကယ်လို့ ပါကစ္စတန်နိုင်ငံဟာ အိန္ဒိနဲ့လုံခြုံစိတ်ချရမဲ့ဆက်ဆံရေးတခုကို တည်ဆောက်နိုင်မယ်

ဆိုရင်၊ တာလီဘန်းတွေကို စစ်ဆင်ဖို့ပိုပြီး လွယ်ကူမယ်။

ဒါကြောင့် အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံကြားမှာ ငြိမ်းချမ်းရေးရအောင် လုပ်ပေးခြင်းဟာအကောင်းဆုံးဖြစ်တယ်။

(၃) Predators ၊ ချိန်ကိုက် အကြောင်းကြားမှု

မက်ကွန်းနဲလ်က အဆင့်မြင့်ကင်မရာတွေတပ်ဆင်ပြီး ငရဲမီးတောက်မီးလျှံတွေပစ်လွှတ်နိုင်တဲ့ Predators လက်နက်တွေအကြောင်း

ဆက်လက်တင်ပြခဲ့တယ်။ အမေရိကန်သမ္မတဘုရှ်လက်ထက်မှာ ပါကစ္စတန်နိုင်ငံတွင်းမှာရှိတဲ့ အော်ကိုင်းဒါးအကြမ်းဖက်စခန်းတွေကို

စစ်ဆင်မဲ့ စီမံကိန်းတွေကို ကြံစည်ခဲ့ကြဘူးတယ်။ လျှို့ဝှက်စစ်ဆင်မှုဆိုပေမဲ့ အမေရိကန်မီဒီယာတွေနဲ့ ပါကစ္စတန်မီဒီယာတွေမှာ

သတင်းတွေခဏခဏပါလာခဲ့တယ်။ ၂၀၀၈ ခုနှစ် နှစ်ဝက်တခုလုံးမှာ အကြမ်းဖက်စခန်းတွေကို Predators လက်နက်တွေနဲ့

လေးကြိမ်လောက်ပဲ ပစ်ခပ်တိုက်ခိုက်ခဲ့တယ်။ ပြဿနာက ပါကစ္စတန်စစ်ထောက်လှမ်းရေးဟာ ပစ်ခပ်တိုက်ခိုက်မှုနှောင့်နှေးအောင်

ကြံစည်ခဲ့ပြီး တာလီဘန်းတွေကို ထွက်ပြေးတိမ်းရှောင်လို့ရနိုင်မဲ့အခြေအနေတခုကို ဖန်တီးပေးခဲ့ကြတယ်။ မက်ကွန်းနဲလ် က

လူသားနဲ့အဆင့်မြင့်ထောက်လှမ်းရေးသက်သေတွေကို အမေရိကန်သမ္မတဂျော့ဘုရှ်ဆီခေါ်ယူလာပြီး နားထောင်စေခဲ့တယ်။

အဲ့ဒါကတော့ ပါကစ္စတန် စစ်ထောက်လှမ်းရေးအေဂျင်စီ ဗိုလ်မှူး နဲ့ အာဖကန်တာလီဘန်းတွေနဲ့ မဟာမိတ်ဖွဲ့ထားသူ

ပျောက်ကြားခေါင်းဆောင် “ဆာရက်ဂ်ျ၊ ဟက်ဂန်နီ” တို့ကြားက စကားပြောဆို ဆွေးနွေးမှုတွေ။

အမေရိကန်သမ္မတဂျော့ဘုရှ် က “အိုကေ ကစားနေတဲ့ပွဲကိုရပ်လိုက်တော့မယ်။ ဒီခွေးမသားတွေ ငါတို့ အမေရိကန်တွေကို

သတ်တာများနေပြီ” ဆိုပြီး Predators လက်နက်တွေကို အော်ကိုင်းဒါး ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့အခြေခံအဆောက်အဦတွေကို

ပစ်ခပ်တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တယ်။ ဒါပေမဲ့ ဒီတခါမှာတော့ နည်းပရိယာယ်ပြောင်းခဲ့တယ်။

ပစ်ခပ်မှုတွေလုပ်တဲ့အခါ အမေရိကန်ပြည်ထောင်စုက ပါကစ္စတန်နိုင်ငံ ကို “ချိန်ကိုက်အကြောင်းကြားမှု” လောက်သာအသိပေးလိုက်တယ်။

လက်နက်တွေ ပါကစ္စတန်နိုင်ငံပေါ်ပျံဝဲနေချိန်၊ ဒါမှမဟုတ် ပစ်ခပ်ပြီးတဲ့အခါကျမှ ပါကစ္စတန်ကို အသိပေးလိုက်တယ်။ ISI အနေနဲ့

တာလီဘန်းတွေကို ရှောင်တိမ်းဖို့ ကြိုတင်အသိပေးချိန်မရနိုင်တော့ဘူးမို့လား

(၄) ဟက်ဂါနီ ကွန်ယက်

အမေရိကန်ပြည်ထောင်စုက အာဖကန်နစ္စတန်နိုင်ငံ ကဘူးမြို့မှာတည်ရှိတဲ့ အိန္ဒိယသံရုံး ကို အကြောင်းကြားခဲ့တယ်။ သံရုံး

ရဲ့ကာကွယ်ရေးစံနစ်တွေကို စံနစ်တကျပြင်ဆင်ထားဖို့ အပါအဝင် ဟက်ဂါနီအဖ့ရွဲ့တိုက်ခိုက်မဲ့ အရိပ်အငွေ့အသက်တွေ၊ ဒါပေမဲ့

နောက်ကျသွားပြီ။ ပါကစ္စတန် ISI ရဲ့အကူအညီ နဲ့ ဟက်ဂါနီပျောက်ကြားအုပ်စုဟာ အိန္ဒိယ သံရုံးကို အသေခံဗုံးခွဲတိုက်ခိုက်လိုက်တယ်။

၄၈ ယောက်သေဆုံးပြီး၊တရာကျော် ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။

“ တကယ်တော့ ကျနော်တို့ ဟာ ဒိုးယိုပေါက်ဖြစ်နေတဲ့ စကာတွေလိုပဲ။ အော်ကိုင်းဒါးဟာ နိုင်ငံ (၃၅) နိုင်ငံဆီက

လူတွေကိုလူသစ်စုဆောင်းနေတယ်။ သူတို့ဟာ အမေရိကန်နိုင်ငံတွင်းကို ဝင်ရောက်ဖို့အတွက် ဗီဇာ မလိုတဲ့သူတွေဖြစ်တယ်။ ပတ်စပို့

ရှိပြီးသားလူတွေဖြစ်တယ်။ပါကစ္စတန်နယ်စပ်က အကြမ်းဖက်လေ့ကျင့်မှုစခန်းတွေမှာ ခေါ်ဆောင်လာပြီး စစ်ရေးလေ့ကျင့်သင်ကြား

ပေးနေတယ်။ ဖောက်ခွဲရေးလက်နက်တွေ နဲ့ ဓါတုလက်နက်တွေသာမက ဇီဝလက်နက်တွေကိုလည်း ရရှိဖို့ကြိုးစားနေကြတယ်။”

မက်ကွန်းနဲလ် က အမေရိကန်နိုင်ငံတွင်းမှာ သံသယဖြစ်ဘွယ်လှုပ်ရှားနေတဲ့ အကြမ်းဖက်သမားတွေရဲ့ကွန်ယက်ကို စိုးရိမ်တကြီး

သတိပေးတယ်။ စက်တင်ဘာ (၁၁) ရက်တိုက်ခိုက်မှုကို စတင်ဖို့အတွက် အကြမ်းဖက်သမားတွေဟာ အမေရိကန်ပြည်ထောင်စု

အတွင်းထဲမှာ (၁၈) လလောက်အချိန်ယူပြီးပြင်ဆင်ခဲ့ကြတယ် လို့ ဆိုတယ်။

(၅) လျှို့ဝှက်သင်္ကေတများ

Predator တွေကို ပစ်ခပ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာကတော့ ပါကစ္စတန်နိုင်ငံမြေမှာ ရှိနေတဲ့ထောက်လှမ်းရေးတွေဖြစ်တယ်။

သူတို့က ပစ်လွှတ်ရမဲ့ နေရာဒေသကို အတိတကျညွှန်ကြားပေးတယ်။ ဒီလက်နက်တွေကို ပစ်ခပ်ဖို့အတွက် Sylvan Mangolia ကို

စကားဝှက်အဖြစ်အသုံးပြုခဲ့ကြတယ်။ ပါကစ္စတန်နိုင်ငံတွင်းမှာ စီအိုင်အေအတွက် အလုပ်လုပ်ပေးနေတဲ့ထောက်လှမ်းရေးတွေ

လိုအပ်မဲ့အရာမှန်သမျှကို ကုန်ကျချင်သလောက်ကုန်ကျပါစေ။ ရင်းနှီးမြှုပ်နှံရမယ်။ မြေပြင်ထောက်လှမ်းရေးတွေမရှိပဲနဲ့ Predator တွေကို

ပစ်လွှတ်မယ်ဆိုရင် အဲ့ဒီလက်နက်မှာတပ်ဆင်ထားတဲ့ အဆင့်မြင့်ကင်မရာတွေဆိုတာ ဗလာ ဖန်သားပြင်တွေသာဖြစ်လိမ့်မယ်။

ထောက်လှမ်းရေးတယောက်ခြင်းဆီမှာ နာမည်တခုကို ကောက်ယူမည့်ပေးလေ့ရှိတယ်။ ဥပမာ MOONRISE ဆိုတဲ့ သင်္ကေတ

နာမည်တခု။ ဒါပေမဲ့ ဒီ သင်္ကေတ ဟာ လူသိများလာရင်၊ ခြေရာကောက်လိုက်နိုင်မဲ့ လူတယောက်ဖြစ်လာရင် အဲ့ဒီ MOONRISE ကို

သတ်ပစ်ရမယ်။ ဒါဟာ ထောက်လှမ်းရေးတယောက်အတွက် အဆုံးမဲ့ပေးဆပ်ရမဲ့တန်ဘိုးဖြစ်တယ်။ တကယ်လို့ MOONRISE က

မသေဘူး ဆိုရင် SHOOTING STAR အဖြစ်နာမည်ပြောင်းသုံးစွဲစေခဲ့တယ်။ အာဖကန်နစ္စတန်မှာ အသုံးပြုတဲ့ ပရိုဂရမ် နဲ့ နာမည်ကို

JESTER လို့အမည်ပေးထားတယ်။ ဒီ အသင်းဟာ အာဖကန်နိုင်ငံတခုလုံးမှာ ဖြစ်ပေါ်နေတဲ့ သောင်းကျန်းသူတွေရဲ့ ပုန်ကန်မှုတွေကို

တခုခြင်းလေ့လာတယ်။ စကားပြောဆွေးနွေးတယ်။ အခွင့်အရေးရတာနဲ့ တိုက်စစ်ဆင်မှုကို စတင်ကြရတယ်။

မိတ်ဆွေတချို့အတွက် အချက်အလက်တွေမှတ်ရတာ များနိုင်တာကြောင့် အပိုင်းလိုက်ခွဲတင်ပြသွားပါမယ်။

Obama’s Wars မှာ အပိုင်း (၂၆) ပိုင်းရှိပါတယ်။

အခုတင်ပြခဲ့တဲ့ အချက်အလက်တွေက အပိုင်း (၁) ထဲက အချက်အလက်တချို့ပါ။ ဆက်လက်တင်ပြသွားပါမယ်။